ဒီနေ့မှာတော့ Europe နိုင်ငံတွေမှာ ကျောင်းတက်ဖို့ စိတ်ဝင်စားနေတဲ့
မြန်မာကျောင်းသူ/သားတွေအတွက် Germany နိုင်ငံရဲ့ နာမည်ကြီး ကျောင်းတစ်ကျောင်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင်
အခုပြောပြပေးမယ့်ကျောင်းကတော့ ကမ္ဘာ့ စီးပွားရေးနယ်ပယ်မှာ
စတုတ္တအကြီးဆုံးနိုင်ငံဖြစ်ပြီး ဥရောပ စီးပွါးရေးနယ်ပယ်မှာ ထိပ်တန်းအင်အားကြီးနေရာကရပ်တည်နေတဲ့ Germany နိုင်ငံမှာတည်ရှိတဲ့
Gisma University of Applied Science ဖြစ်ပါတယ်
GISMA ရဲ့ ပထမဆုံး campus ကို ၁၉၉၉ ခုနှစ်၊ Hannover မြို့မှာ ဖွင့်လှစ်တည်ထောင်ခဲ့ပြီး GISMA ရဲ့ မြင့်မားတဲ့ ပညာရေးစနစ်တွေ၊ အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ပေးနိုင်မှုတွေ ကြောင့် လက်ရှိမှာတော့ Germany ရဲ့ မြို့ကြီးတွေဖြစ်တဲ့
Berlin နဲ့
Potsdam မြို့တွေမှာပါ Campus တွေပိုမိုဖွင့်လှစ်လာနိုင်ခဲ့ပါတယ်
GISMA University of Applied Science ဆိုတဲ့ အတိုင်း
Technology,
Business နဲ့သက်ဆိုင်တဲ့ programs တွေကို နိုင်ငံတကာ စီးပွားရေးဇုန်ထဲမှာ အောင်မြင်တဲ့ career တစ်ခုအဖြစ်ရပ်တည်နိုင်အောင်သင်ကြားပေးနေတဲ့ကျောင်းလည်းဖြစ်ပါတယ်
GISMA ရဲ့ Courses တွေအားလုံးက English လိုသင်ကြားပေးတာဖြစ်ပြီး German လို မပြောတက်လို့ စိတ်ညစ်စရာမလိုပါဘူး
ကျောင်းဘက်က German language အတွက် free class တွေသင်ကြားပေးတာမျိုးလည်းရှိသလို့ German လူမျိုးအများစုကလည်း English လို ပြောတက်တာဖြစ်လို့ Language barrier အတွက် စိတ်ချထားလို့ရပါတယ်ရှင်
GISM မှာ အထူးပြုသင်ကြားပေးနေတဲ့ Course တွေကတော့ …
International Business Management
Data Science, AI and Digital Business
Software Engineering
Computer Science အစရှိသည့်တို့အပြင် Foundation program တွေလည်းရှိပါသေးတယ်နော်
ဒါ့အပြင် GISM ဟာဆိုရင် Program, State, Concept တို့မှာလည်း Accreditation အပြည့်
အဝ ရရှိထားတဲ့ University တစ်ခုလည်းဖြစ်ပါတယ်။ Intake တွေအနေနဲ့က တစ်နှစ်မှာ January, April, July, October ဆိုပြီး (၄) ကြိမ်ရှိတာဖြစ်လို့ intake တစ်ခု မမီရင် နောက်တခုအတွက် သေချာပြင်ဆင်ဖို့ အချိန်ရပါသေးတယ်
Europe နိုင်ငံတွေထဲကလည်းဖြစ်ရမယ်၊
Post-Study Work Visa အပြင်
Schengen Visa လည်းရရှိအုံးမယ်အပြင် ကျောင်းတက်ရင်း Part-Time လုပ်လို့ကောင်းတဲ့ နိုင်ငံမျိုးကိုရှာနေတယ်ဆိုရင်တော့ Germany နိုင်ငံမှာကျောင်းတက်ဖို့အတွက် အကြံပေးချင်ပါတယ်ရှင်



