🇺🇲အမေရိကန်နိုင်ငံရှိ Community College ကျောင်းများမှာ 2024 Intake များအမီ ကျောင်းတက်ရောက်ဖို့ FAI မှာ  အမြန်ဆုံး စာရင်းပေးသွင်းနိုင်ပါပြီ…

🇺🇲 ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ဦးဆောင်နိုင်ငံတစ်ခုဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ ပညာသင်ယူရင်း အခြေချနေထိုင်ဖို့ဆိုတာ ကမ္ဘာတစ်၀ှမ်းက လူငယ်တွေရဲ့ အနာဂတ်အိပ်မက်တွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အမေရိကန်မှာ ပညာသင်ယူရင်း အနာဂတ်အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေကြတဲ့ မြန်မာကျောင်းသူ/သားများအတွက် မိမိဝါသနာ၊ မိမိရည်မှန်းချက်နှင့် ကုန်ကျစရိတ်တွေပေါ်မူတည်ပြီး FAI ၏ U.S ရှိ Trusted Counsellor များမှ ကိုက်ညီသော တက္ကသိုလ်/ကောလိပ်ကျောင်းများကို ရွေးချယ်အကြံပြုပေးခြင်း၊ ဘာသာရပ်များ ရွေးချယ်အကြံပြုပေးခြင်း၊ ကျောင်းဝင်ခွင့် အစအဆုံးဆောင်ရွက်ပေးခြင်း၊ Student Visa စီစဉ်ဆောင်ရွက်ပေးခြင်းနှင့် အမေရိကန်နိုင်ငံ ဘက်ခြမ်းရှိ လိုအပ်သော ဝန်ဆောင်မှုများကိုလည်း စလယ်ဆုံး တာဝန်ယူဆောင်ရွက်ပေးနေပြီဖြစ်ပါတယ်။

🇺🇲အမေရိကန်နိုင်ငံမှာ သွားရောက်ပညာသင်ကြားလိုတဲ့ မြန်မာကျောင်းသူ/သားများအတွက် FAI နဲ့တရားဝင်ချိတ်ဆက်ထားပြီး ဝါရှင်တန်ပြည်နယ်မှာ ရွေးချယ်တက်ရောက်နိုင်တဲ့ အကောင်းဆုံး Community College တွေကတော့ …🤔

✅Green River College

✅Highline College နှင့်

✅ Bellevue College တို့ပဲဖြစ်ပါတယ်။

ဒါ့အပြင် 🇺🇲အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်ရှိ

✅ Lake Tahoe Community College နှင့်

San Mateo County Community College District လက်အောက်ရှိ Community College များဖြစ်တဲ့…❗

✅Skyline College

✅College of San Mateo

✅Cañada College တို့မှာလည်း ကျောင်းတက်ရောက်ဖို့ FAI မှတစ်ဆင့် လာရောက်လျှောက်ထားနိုင်ပါတယ်။

🇲🇲မြန်မာနိုင်ငံက ကျောင်းသူ/သားတွေအနေနဲ့ အထက်တန်းပညာရေးပြီးဆုံးတာနဲ့ အမေရိကန်နိုင်ငံမှာ University တန်းတက်မယ်ဆိုရင်တော့ ကုန်ကျစရိတ်လည်းများပြားသလို၊ Admission Requirements တွေကလည်း မြင့်မားတဲ့အတွက် ကျောင်းဝင်ခွင့်ရဖို့ ခက်ခဲလေ့ရှိကြပါတယ်။ ဒါ့အပြင် မြန်မာနှင့် အမေရိကန်တို့ရဲ့ မတူညီတဲ့ပညာရေးစနစ်တွေနဲ့ ကြီးပြင်းလာခဲ့ရတဲ့ မြန်မာကျောင်းသူ/သားအများစုအတွက် တက္ကသိုလ်တိုက်ရိုက် တက်ရောက်ခြင်းဟာ ပိုမိုရုန်းကန်ရလေ့ရှိနိုင်ပါတယ်။ ဒီလိုအခက်အခဲတွေကို ကျော်လွှားဖို့နည်းလမ်းရှိနေပါတယ်။ ဒါကတော့ မြန်မာကျောင်းသူ/သားအများစုက ဝင်ခွင့်လွယ်ကူပြီး ကုန်ကျစရိတ်သက်သာတဲ့ Community College တွေကို ကနဦး တက်ရောက်ကြလေ့ရှိတာပဲဖြစ်ပါတယ်။ ကောလိပ် ၂ နှစ်တက်ရောက်ပြီးနောက် မိမိတို့ နှစ်သက်ရာ အမေရိကန်တက္ကသိုလ်တွေကို မိမိရဲ့ ကောလိပ် ၂ နှစ်တာ ရလဒ်တွေပေါ်မူတည်ပြီး စိတ်တိုင်းကျရွေးချယ် တက်ရောက်နိုင်ပါတယ်။

👉Foresight Academy International (FAI) နဲ့ တရားဝင်ချိတ်ဆက်ထားတဲ့ Community College တွေမှာ ကျောင်းတက်ရောက်မယ်ဆိုရင်တော့ အားသာချက်အနေနဲ့ University တွေထက် ကုန်ကျစရိတ် အများကြီးသက်သာပြီး ကျောင်း ၂ နှစ်တက်ရောက်ပြီးတာနဲ့ Associate Degree ရရှိမှာဖြစ်တဲ့အပြင် Bachelor Degree ရရှိဖို့အတွက်ဆိုရင်တော့ University တွေမှာ 3rd year နဲ့ 4th year ကို တိုက်ရိုက်တက်ရောက်နိုင်မှာပဲ ဖြစ်ပါတယ်။ FAI နဲ့ ချိတ်ဆက်ထားတဲ့ ကောလိပ်တွေဟာ ဝင်ခွင့်လွယ်ကူမြန်ဆန်ပြီး၊ ကျောင်းဝင်ခွင့်အတွက်ကို FAI, ကောလိပ်ကျောင်း တာဝန်ခံများနှင့် ကျောင်းသူ/သား၊ မိဘတို့ဟာ ၃ ပွင့်ဆိုင် တိုင်ပင်ဆွေးနွေးနိုင်မှာဖြစ်သလို၊ Student Visa ပိုင်းကိုလည်း ကျောင်းသူ/သားအတွက် FAI office team နှင့်အတူ ကောလိပ်တာဝန်ရှိသူများမှ Assist လုပ်ပေးသွားမှာဖြစ်ပါတယ်။

🎓Green River College, Highline College, Skyline College, College of San Mateo နှင့် Cañada College တို့မှာ တက်ရောက်နိုင်တဲ့ ဘာသာရပ်တွေကတော့…❓

✅Art

✅Design

✅Business

✅Accounting

✅Economics

✅Computer Science

✅Education

✅Hospitality and Tourism Management

✅Science

✅Technology

✅Engineering and Mathematics (STEM)

✅Social Sciences and International Relations စတဲ့ဘာသာရပ်များအပြင် မိမိစိတ်ဝင်စားတဲ့ အခြား Undergraduate Program များကိုတက်ရောက်ဖို့ FAI မှာ စာရင်းပေးသွင်း လျှောက်ထားနိုင်ပါတယ်။

🏫ကျောင်းလျှောက်ထားနိုင်တဲ့ Intake များကတော့…

✅Summer Intake (Classes Start in June 2024)

✅Fall Intake (Classes Start in September 2024)

✅Winter Intake (Classes Start in January 2025)

✅Spring Intake (Classes Start in March 2025)

👉ဘယ်သူတွေတက်ရောက်နိုင်လဲ❓

အထက်တန်း ဖြေဆိုအောင်မြင်ပြီးသူများ၊ IGCSE / GCE နှင့် GED ဖြေဆိုပြီးသူများ၊ တက္ကသိုလ်တက်ရောက်နေရင်း ရပ်နားထားသော ကျောင်းသူ/ကျောင်းသားများလည်း တက်ရောက်နိုင်ပါတယ်။

🇺🇲U.S Visa Appointment အတွက်ကိုလည်း ရန်ကုန်သံရုံးအပြင် ✈️ Third Country Visa Appointment Service ဝန်ဆောင်မှုကိုလည်း FAI မှာ ရရှိနိုင်ပါပြီ။

🤔Third Country Visa Appointment Service ဆိုတာကတော့…❓

👉ယခုလက်ရှိ အခြေအနေအရ မြန်မာနိုင်ငံမှာ Visa Appointment Slot များပြည့်နေတဲ့အပြင် Slot အသစ်တွေဆက်မဖွင့်လို့ အခြားနီးစပ်ရာနိုင်ငံတစ်ခုခုမှာ Visa try ချင်တဲ့သူတွေအတွက် Visa Appointment ရယူပေးတဲ့ ဝန်ဆောင်မှုကိုဆိုလိုတာပဲဖြစ်ပါတယ်။

✈️Third Country Visa Appointment Service ဝန်ဆောင်မှု ရရှိနိုင်တဲ့နိုင်ငံတွေကတော့ Thailand, Singapore, Cambodia, Malaysia, Vietnam, Philippines, Dubai စတဲ့နိုင်ငံတွေဖြစ်ပါတယ်။ ဝန်ဆောင်မှုမှာ ပါဝင်တာကတော့ DS-160 Form ဖြည့်ပေးခြင်း၊ Appointment Slot ရယူပေးခြင်း၊ Visa interview အတွက်ငွေသွင်းပေးခြင်း၊ Air Ticket အသွားအပြန် စီစဉ်ပေးခြင်း၊ Hotel Booking စီစဉ်ပေးခြင်း၊ Pick up & Transportation စီစဉ်ပေးခြင်း၊ Visa Interview Question များအတွက် Coaching ပြုလုပ်ပေးခြင်းနှင့် အခြားသောဝန်ဆောင်မှုများကိုလဲ တစ်နေရာထဲအပြီး FAI မှာရရှိနိုင်ပါတယ်။

📌ဒါ့အပြင် Foresight Academy International (FAI) မှာရရှိနိုင်မယ့် အခြားသော ဝန်ဆောင်မှုများကတော့…❗

U.S, UK, Australia, Japan, Korea, Singapore, Thailand စသည့် နိုင်ငံများအပြင် ကမ္ဘာတဝန်းရှိ နိုင်ငံတကာတက္ကသိုလ်/ကောလိပ်များသို့ သွားရောက်ပညာသင်ကြားမယ့် ကျောင်းသူ/သားများအတွက် မိမိတက်ရောက်လိုသော ကျောင်း (သို့) မိမိနှင့် ကိုက်ညီသော ကျောင်းများကို သက်ဆိုင်ရာနိုင်ငံများရှိ FAI ၏ နိုင်ငံတကာရှိ Trusted Counsellors များမှ စနစ်တကျအကြုံပြု ရွေးချယ်လျှောက်ထားပေးခြင်း၊ Scholarship Program လျှောက်ထားပေးခြင်း၊ Visa Processing/Accommodation နှင့် အခြား ဆက်စပ်သောဝန်ဆောင်မှုများကိုလည်း တစ်နေရာထဲအပြီးရရှိနိုင်ပါပြီ။ အသေးစိတ်သိရှိလိုပါက Foresight Academy International – FAI Page Messenger နှင့် ဖော်ပြပါဖုန်းနံပါတ်တို့မှ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

Foresight Academy International (FAI)

☎️Phone: +95 9 775500510, +95 9 775500520  

📍အမှတ် (၁၁၄)၊ ဒုတိယထပ်၊ အခန်း (၅)၊ အင်းစိန်လမ်းမကြီး၊ လှိုင်မြို့နယ်။ (သုခမှတ်တိုင်၊ iCar Auto Service Center-5 မျက်နှာချင်းဆိုင်ရှေ့)

⏰Opening Hours: 9:00 – 17:00 / Monday – Saturday

💌E-mail: contact@fai-international.com

🌐Website: https://fai-international.com

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top