ကျောင်းသူ/သားများသာမက မိဘများပါ စိတ်ဝင်စားတဲ့ အကြောင်းအရာလေးကို အားလုံးအတွက်မျှဝေပေးသွားပါမယ်ရှင်။
ပထမဆုံးအနေနဲ့ကတော့ Accommodation ပိုင်းမှာဆိုရင် Student Accommodation, Home Share နဲ့ Homestay ဆိုပြီး အမျိုးအစားတွေရှိပါတယ်။ Home Share နဲ့ Homestay တွေက Student Accommodation တွေထက်စာရင် ဈေးအနည်းငယ်ပိုသက်သာလေ့ရှိပါတယ်။ စေ◌ျးအနေနဲ့ကတော့ ဘယ်မှာပဲနေနေ အနည်းဆုံး တစ်လကို ပေါင် ၆၀၀ လောက်ကနေစပါတယ်။ ဒါပေမဲ့ ကိုယ်နေချင်တဲ့ပုံစံပေါ်မူတည်ပြီး စေ◌ျးပိုကြီးသွားနိုင်ပါတယ်ရှင်။
အစားအသောက်ပိုင်းကိုကြည့်မယ်ဆိုရင်တော့ ကိုယ်တိုင်ချက်စားနိုင်လေလေ ဈေးသက်သာလေလေဖြစ်ပါတယ်။ အမြဲအပြင်မှာပဲဝယ်စားနေမယ်ဆိုရင်တော့ ကုန်ကျစရိတ်က ပိုများသွားနိုင်ပါတယ်နော်။ ချက်စားမယ်ဆိုရင်တောင် တစ်လကို ပေါင် ၂၀၀ ကနေ ၃၀၀ ကြားတော့ကုန်ကျနိုင်ပါတယ်။
နောက်ထပ်အနေနဲ့ကတော့ Bill ဖိုးတွေပါ။ ဒီထဲမှာဆိုရင် Gas, Electricity, Broadband, water အစရှိသည်ဖြင် Accommodation မှာမပါဝင်တဲ့ ကုန်ကျစရိတ်တွေရှိပါသေးတယ်။ ဒါတွေအားလုံးအတွက်ဆိုရင်တော့ ပေါင် ၁၀၀ ကနေ ၂၀၀ ဝန်းကျင်လောက် ခန့်မှန်းထားရပါမယ်။
ကျောင်းတက်ပြီးဆိုရင်တော့ ကျောင်းသုံးစာရေးကိရိယာတွေကမဖြစ်မနေဝယ်ဖို့ကို လိုအပ်မှာဖြစ်ပြီး ကုန်ကျစရိတ်အနေနဲ့ကတော့ ၂၅ ပေါင်လောက်တော့ ရှိနိုင်ပါတယ်။
အချို့ Washing Machine မရှိတဲ့ Accommodation တွေမှာဆိုရင် Laundry ခကိုလည်း ထည့်တွက်ရပါမယ်နော်။ Laundry ကတော့ ၂၅ပေါင်လောက် ကျနိုင်ပါတယ်ရှင်။
ဒါ့အပြင် Transportation အတွက် ကုန်ကျစရိတ်ကိုလည်းချန်ခဲ့လို့မရပါဘူး။ Transportation အတွက် ပေါင် ၁၀၀ ဝန်းကျင်လောက်တော့ကုန်ကျနိုင်ပါတယ်။
အခြား Groceries တွေကတော့ မိမိအပေါ်မှာပဲ မူတည်ပါတယ်နော်၊ အပေါ်မှာတွက်ပြပေးခဲ့တာတွေကတော့ အခြေခံ အသုံးစရိတ်လေးတွေပဲ ဖြစ်ပါတယ်ရှင်။ မိမိနေတဲ့ မြို့အလိုက်လည်း ကုန်ကျစရိတ် အတိုးအလျော့က ရှိနိုင်ပါသေးတယ်။ UK မှာကျောင်းတက်ဖို့အတွက် နေစရိတ်စားစရိတ်က စေ◌ျးကြီးတယ်ဆိုပေမဲ့လည်း ကျောင်းသားတွေအတွက် တစ်ပတ်ကို နာရီ ၂၀ အထိ part time လုပ်ခွင့်ပေးထားတာကလည်း UK ရဲ့အားသာချက်တစ်ခုလို့ဆိုနိုင်ပါတယ်ရှင့်။
အကယ်၍ 2025 April Intake အမီ UK မှာကျောင်းသွားတက်ချင်တယ်ဆိုရင်တော့ FAI ရှိ Trusted Counsellor များနှင့် “အခမဲ့” တိုင်ပင်ဆွေးနွေး ကျောင်းလျှောက်ထားလို့ရနေပါပြီနော်။
