🤔နိုင်ငံခြားမှာ ကျောင်းတက်ရောက်ဖို့ ဘာတွေကြိုတင်ပြင်ဆင်ထားရမလဲ❓

🤔နိုင်ငံခြားမှာ ကျောင်းတက်ရောက်ဖို့ ဘာတွေကြိုတင်ပြင်ဆင်ထားရမလဲ❓
🫰ဒီတစ်ခါမှာတော့ နိုင်ငံခြားမှာ ကျောင်းတက်ရောက်ဖို့ ပြင်ဆင်နေတဲ့ ညီငယ်၊ ညီမငယ်တို့အတွက် နိုင်ငံခြားမှာ ကျောင်းတက်ရောက်ဖို့နဲ့ ပတ်သက်တဲ့ အမေးများတဲ့အကြောင်းအရာလေးတွေနဲ့ ကြိုတင်ပြင်ဆင်ထားရမယ့် အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

🇸🇬စင်ကာပူမှာ Diploma တက်ရောက်ဖို့ဘာတွေလိုအပ်လဲ ?
👉စင်ကာပူမှာ Diploma တက်ရောက်မယ်ဆိုရင်တော့ အနိမ့်ဆုံး အခြေခံပညာအထက်တန်း အောင်မြင်ထားပြီးသူ (သို့) GED အောင်မြင်ထားပြီးသူ ဖြစ်ရပါမယ်။ Diploma တက်ရောက်ဖို့ ကျောင်းလျှောက်ထားတော့မယ် ဆိုရင်တော့ ဆယ်တန်းအောင်လက်မှတ်၊ ဆယ်တန်းအမှတ်စာရင်း၊ မွေးစာရင်း၊ သန်းခေါင်စာရင်း၊ English Proficiency Test, Passport, Bank Statement, Personal Statement နှင့် Gap Year ရှိသူများနှင့် လုပ်ငန်းခွင်ဝင်နေသူများအတွက် CV Form စသည့် စာရွက်စာတမ်းများကို မူရင်းနှင့် Notary (နိုတြီ) ပြန်ဆိုထားပြီးရန် လိုအပ်ပါတယ်။

👉ဘွဲ့ရပြီးသူများနဲ့ တက္ကသိုလ်တက်ရောက်ရင်း ရပ်နားထားသူများအတွက် လက်ရှိအောင်မြင်ပြီးထားတဲ့ နှစ်အထိ University Transcript များ (တက္ကသိုလ် နှစ်အလိုက်အမှတ်စာရင်းများ) လိုအပ်ပါတယ်။ English Proficiency Test အတွက်ကတော့ မိမိတက်ရောက်မယ့်ကျောင်းပေါ်မူတည်ပြီး IELTS 5.5 / TOEFL 550 လိုအပ်မှာဖြစ်ပြီး တချို့ကျောင်းတွေမှာတော့ IELTS မရှိသူများအတွက် ကျောင်းရဲ့ English Replacement Test ကိုဖြေဆိုပြီး တက်ရောက်နိုင်မှာဖြစ်ပါတယ်။ Bank Statement အတွက်ကိုတော့ ကျောင်းလခတစ်နှစ်စာနဲ့ နေထိုင်စရိတ်တစ်နှစ်စာ ပေါင်းပြပေးရမှာဖြစ်ပါတယ်။ နိုင်ငံနဲ့ ကျောင်းပေါ်မူတည်ပြီး Bank Statement Amount ပြရတာဖြစ်လို့ အသေးစိတ်ကို FAI မှာလာရောက်စုံစမ်းနိုင်ပါတယ်။

☺️Singapore မှာတက်ရောက်နိုင်တဲ့ Diploma အတန်းတွေကတော့ Paid Internship Diploma အပြင် အခြားသော Diploma အတန်းများရှိတဲ့အတွက် မိမိတက်ရောက်ချင်တဲ့ ဘာသာရပ်ရှိမရှိ ကိုလည်း FAI မှာလာရောက်စုံစမ်းနိုင်ပါတယ်။

👨‍🎓College (or) University တက်ရောက်ဖို့ဘာတွေလိုအပ်လဲ ?
🇺🇸အမေရိကန်နိုင်ငံ ပြည်နယ်အသီးသီးရှိ Community College (or) University တွေမှာ ကျောင်းတက်ရောက်မယ့် မြန်မာကျောင်းသူ/သားတွေအနေနဲ့ ကျောင်းလျှောက်ထားဖို့ အတွက် GED အောင်လက်မှတ် (သို့) ဆယ့်နှစ်တန်းပညာရေးနဲ့ ကိုက်ညီတဲ့ ပညာအရည်အချင်း (တက္ကသိုလ် ဒုတိယနှစ်အထိ အောင်မြင်ပြီးကြောင်း အမှတ်စာရင်း)၊ ဆယ်တန်းအောင်လက်မှတ်၊ ဆယ်တန်းအမှတ်စာရင်း၊ မွေးစာရင်း၊ သန်းခေါင်စာရင်း၊ English Proficiency Test, Passport, Bank Statement, Personal Statement နှင့် Gap Year ရှိသူများနှင့် လုပ်ငန်းခွင်ဝင်နေသူများအတွက် CV Form စသည့် စာရွက်စာတမ်းများကို မူရင်းနှင့် Notary (နိုတြီ) ပြန်ဆိုထားပြီးရန် လိုအပ်ပါတယ်။

👉ဘွဲ့ရပြီးသူများနဲ့ တက္ကသိုလ်တက်ရောက်ရင်း ရပ်နားထားသူများအတွက် လက်ရှိအောင်မြင်ပြီးထားတဲ့ နှစ်အထိ University Transcript များ (တက္ကသိုလ် နှစ်အလိုက်အမှတ်စာရင်းများ) လိုအပ်ပါတယ်။ English Proficiency Test အတွက်ကတော့ မိမိတက်ရောက်မယ့် ကျောင်းပေါ်မူတည်ပြီး IELTS / TOEFL (band Score) အနဲအများ ကွာသွားမှာဖြစ်သလို တချို့ကျောင်းတွေမှာဆိုရင်လည်း Duolingo အမှတ်ဖြင့် တက်ရောက်နိုင်မှာဖြစ်ပါတယ်။ Bank Statement အတွက်ကိုတော့ ကျောင်းလခတစ်နှစ်စာနဲ့ နေထိုင်စရိတ်တစ်နှစ်စာ ပေါင်းပြပေးရမှာဖြစ်ပါတယ်။ နိုင်ငံနဲ့ ကျောင်းပေါ်မူတည်ပြီး Bank Statement Amount ပြရတာဖြစ်လို့ အသေးစိတ်ကို FAI မှာလာရောက်စုံစမ်းနိုင်ပါတယ်။

💁မြန်မာနိုင်ငံက ကျောင်းသူ/သားတွေအနေနဲ့ အထက်တန်းပညာရေးပြီးဆုံးတာနဲ့ အမေရိကန်နိုင်ငံမှာ University တန်းတက်မယ်ဆိုရင်တော့ ကုန်ကျစရိတ်လည်းများပြားသလို၊ Admission Requirements တွေကလည်း မြင့်မားတဲ့အတွက် ကျောင်းဝင်ခွင့်ရဖို့ ခက်ခဲလေ့ရှိကြပါတယ်။ ဒါ့အပြင် မြန်မာနှင့် အမေရိကန်တို့ရဲ့ မတူညီတဲ့ပညာရေးစနစ်တွေနဲ့ ကြီးပြင်းလာခဲ့ရတဲ့ မြန်မာကျောင်းသူ/သားအများစုအတွက် တက္ကသိုလ်တိုက်ရိုက် တက်ရောက်ခြင်းဟာ ပိုမိုရုန်းကန်ရလေ့ရှိနိုင်ပါတယ်။ ဒီလိုအခက်အခဲတွေကို ကျော်လွှားဖို့နည်းလမ်းရှိနေပါတယ်။ ဒါကတော့ မြန်မာကျောင်းသူ/သားအများစုက ဝင်ခွင့်လွယ်ကူပြီး ကုန်ကျစရိတ်သက်သာတဲ့ Community College တွေကို ကနဦး တက်ရောက်ကြလေ့ရှိတာပဲဖြစ်ပါတယ်။ Community College တက်ရောက်မယ်ဆိုရင်တော့ University တွေထက် ကုန်ကျစရိတ် အများကြီးသက်သာမှာဖြစ်ပါတယ်။ Community College ရဲ့ အားသာချက်ကတော့ ကျောင်း ၂ နှစ်တက်ရောက်ပြီးတာနဲ့ Associate Degree ရရှိမှာဖြစ်ပြီး Bachelor Degree ရရှိဖို့အတွက် University တွေမှာ 3rd year နဲ့ 4th year ကို တိုက်ရိုက်တက်ရောက်နိုင်မှာပဲဖြစ်ပါတယ်။

🤷အထက်ပါ အချက်အလက်တွေကတော့ နိုင်ငံခြားကျောင်း လျှောက်ထားဖို့လိုအပ်တဲ့ General Requirements တွေပဲဖြစ်ပါတယ်။ Thailand မှာဆိုရင်တော့ Public University တွေမှာ ကျောင်းလျှောက်ထားဖို့ SAT Score လိုအပ်ပြီး Japan University တွေမှာ ကျောင်းတက်ရောက်မယ်ဆိုရင်တော့ မိမိတက်ရောက်မယ့် ကျောင်းနဲ့ ဘာသာရပ်ပေါ်မူတည်ပြီး Japanese Language Proficiency Test (JLPT) လိုအပ်မှာဖြစ်ပါတယ်။ ဒါ့အပြင် Taiwan University တွေမှာ ကျောင်းတက်ရောက်မယ်ဆိုရင်တော့ မိမိတက်ရောက်မယ့် ကျောင်းနဲ့ ဘာသာရပ်ပေါ်မူတည်ပြီး Hanyu Shuiping Kaoshi (HSK) သို့မဟုတ် Test of Chinese as a Foreign Language (TOCFL) လိုအပ်မှာဖြစ်ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top