👉FAI နဲ့ တရားဝင်ချိတ်ဆက်ထားတဲ့ စင်ကာပူနိုင်ငံရှိ ကျောင်းတွေမှာ Study & Paid Internship Program များတက်ရောက်ဖို့ ဝန်ဆောင်ခ အခမဲ့ဖြင့် စာရင်းပေးသွင်းနိုင်ပါပြီ။ 👈

😊အရှေ့တောင်အာရှနိုင်ငံများထဲမှာ စင်ကာပူနိုင်ငံဟာ လူနေမှုအဆင့်အတန်းမြင့်မားပြီး ပညာရေးစနစ်နဲ့ပတ်သက်လျှင် ဂုဏ်သတင်းအကြီးမားဆုံး၊ အရှေ့တောင်အာရှတွင် အကျော်ကြားဆုံး ပညာရေးစနစ်တစ်ခုဖြစ်တဲ့အပြင် နိုင်ငံတကာကျောင်းသူ/သားများအတွက် လုံခြုံစိတ်ချစွာ သွားရောက်ပညာသင်ကြားလို့ရတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ အားသာချက်အနေနဲ့ စင်ကာပူနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ မနီးမဝေးမှာတည်ရှိတဲ့အတွက် သွားလာရလွယ်ကူပြီး အနောက်နိုင်ငံများနှင့်ယှဉ်လျှင် ကုန်ကျစရိတ် ပိုမိုသက်သာသောကြောင့် နှစ်စဉ်မြန်မာကျောင်းသူ/သားအများစု ရွေးချယ်ရာ နိုင်ငံလည်းဖြစ်ပါတယ်။

🇸🇬စင်ကာပူနိုင်ငံမှာ ကျောင်းတက်ရင်း အလုပ်လုပ်ကိုင်လိုသော မြန်မာကျောင်းသူ/သားများအတွက် FAI နဲ့ တရားဝင်ချိတ်ဆက်ထားတဲ့ ကျောင်းတွေဖြစ်တဲ့… 👇
✅Trinity International College
✅TEG International College
✅Amity Global Institute
✅London School of Business and Finance တို့မှာ Study and Paid Internship Diploma Program များကို တက်ရောက်မယ်ဆိုရင်တော့ ကျောင်းတက်နေရင်း အချိန်ပိုင်းအလုပ် လုပ်နိုင်မယ့်အပြင် Paid Internship အခွင့်အလမ်းများလည်းရရှိနိုင်ပါတယ်။

🎓Study & Paid Internship Diploma Program မှာ တက်ရောက်နိုင်တဲ့ ဘာသာရပ်တွေကတော့ … 👇
✅Diploma in Hospitality & Tourism Management (6 Months Study+6 Months Internship)
✅Diploma in International Hospitality Management (6 Months Study+6 Months Internship)
✅Diploma in Business & Management (6 Months Study+6 Months Internship)
✅Diploma in Facilities Management (6 Months Study+6 Months Internship) စတဲ့ ဘာသာရပ်တွေပဲဖြစ်ပါတယ်။

💼Internship ကာလမှာတော့ ကျောင်းဘက်က ချပေးတဲ့နေရာတွေမှာ ဆင်းရမှာဖြစ်ပြီး အခြေခံလစာ စင်ကာပူဒေါ်လာ 1000 မှ 1300 ဝန်းကျင် (မြန်မာငွေ သိန်း ၃၀ ဝန်းကျင်) ရရှိနိုင်မယ့်အပြင် ကိုယ့် Performance ပေါ်မူတည်ပြီး အလုပ်ရှင်မှ Full Time Staff အဖြစ်ခန့်ပါက S pass ဖြင့် စင်ကာပူနိုင်ငံမှာ ဆက်လက်အလုပ်လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။

🤔ဘယ်သူတွေတက်ရောက်နိုင်လဲ ?
အထက်တန်း ဖြေဆိုအောင်မြင်ပြီးသူများ၊ IGCSE / GCE နှင့် GED ဖြေဆိုပြီးသူများ၊ တက္ကသိုလ်တက်ရောက်နေရင်း ရပ်နားထားသော ကျောင်းသူ/ကျောင်းသားများလည်း တက်ရောက်နိုင်ပါတယ်။

🛌ဒါ့အပြင် စင်ကာပူမှာ သွားရောက်ပညာသင်ကြားလိုတဲ့ ကျောင်းသူ/သားများရဲ့ နေရာထိုင်ခင်း (Student Accommodation) အတွက် စင်ကာပူနိုင်ငံရှိ အိမ်အငှားကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ COVE နဲ့တရားဝင် ချိတ်ဆက်ထားတဲ့အတွက် မိမိအသုံးပြုမယ့်စရိတ်ပေါ်မူတည်ပြီး အခန်းအမျိုးအစားကို စိတ်တိုင်းကျ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ☺️ကျောင်းတက်ရင်း Part Time Job လုပ်ချင်တဲ့ ကျောင်းသူ/သားများ အတွက်လည်း FAI မှ စင်ကာပူနိုင်ငံရှိ နာမည်ကြီး Job Agency ကြီးများနဲ့ ချိတ်ဆက်ထားတဲ့အတွက် အချိန်တိုအတွင်း အလုပ်အကိုင်ရရှိနိုင်မှာဖြစ်ပါတယ်။

👉Foresight Academy International (FAI) မှ စင်ကာပူနိုင်ငံမှာ ကျောင်းတက်ရောက်လိုသော မြန်မာကျောင်းသူ/သားများအတွက် မိမိဝါသနာ၊ မိမိရည်မှန်းချက်ပေါ်မူတည်ပြီး ကိုက်ညီသော ဘာသာရပ်များ ရွေးချယ်အကြံပြုပေးခြင်း၊ မှန်ကန်သောတက္ကသိုလ် လျှောက်ထားပေးခြင်း၊ Student Accommodation နှင့် အခြားသော ပညာရေးဝန်ဆောင်မှုများကိုလည်း တိကျမြန်ဆန်စွာ ဆောင်ရွက်ပေးနေပါပြီ။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top