🇹🇼Taiwan ရှိ နာမည်ကြီးတက္ကသိုလ်များဖြစ်တဲ့ Chihlee University of Technology နဲ့ Chang Gung University တိုမှာ ကုန်ကျစရိတ်သက်သာစွာဖြင့် ကျောင်းတက်ရောက်ဖို FAI မှ တစ်ဆင့် ကျောင်းလျှောက်ထားနိုင်ပါပြီ 😊

🌏အာရှနိုင်ငံတွေထဲမှာဆိုရင် Taiwan ဟာ နေစားစရိတ်သက်သာပြီး ကျောင်းလခ (Tuition Fees) သက်သာတဲ့ နိုင်ငံပဲဖြစ်ပါတယ်။ မြန်မာကျောင်းသူ/သားများအတွက် Study Abroad လဲလုပ်ချင်တယ် Tuition စရိတ်နဲ့ နေစားစရိတ်ကလဲ သက်သာချင်တယ် ဆိုတဲ့သူတွေအတွက် Taiwan က ပညာသင်ကြားလို အကောင်းဆုံးနေရာတစ်ခုပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ Taiwan မှာရှိတဲ့ မြန်မာကျောင်းသူ/သားတွေ အများအပြားတက်ရောက်နေတဲ့ ကျောင်းနှစ်ကျောင်းနဲ့ မိတ်ဆက်ပေသွားးမှာ ဖြစ်ပါတယ်။

💁ပထမဆုံးမိတ်ဆက်ပေးသွားမှာတော့ Chihlee University of Technology ပဲဖြစ်ပါတယ်။ ပုဂ္ဂလိကကျောင်းတွေထဲမှာတော့ အကောင်းဆုံးကျောင်းတွေထဲက တစ်ခုဖြစ်ပြီး Private Tech University တွေထဲမှာ အလုပ်အကိုင်ရရှိမှု အခွင့်အလမ်းအနေနဲ့ နံပါတ် ၁ ကို ၇ နှစ် ဆက်တိုက်ရပ်တည်ထားတဲ့ ကျောင်းတစ်ကျောင်းလည်းဖြစ်ပါတယ်။
🎓Chihlee University of Technology ဟာ New Taipei မြိုပေါ်မှာတည်ရှိပြီး
✅College of Business Management
✅College of Innovation and Design
✅College of International Business and Foreign Language
✅College of General Education ဆိုတဲ့ ကောလိပ်လေးခုရှိပြီး ၄င်းတိုအောက်တွင်ရှိသော ဘာသာရပ်များကို သင်ကြားနိုင်မှာဖြစ်ပါတယ်။

💁ဒုတိယမြောက် မိတ်ဆက်ပေးမယ့် တက္ကသိုလ်ကတော့ 𝐂𝐡𝐚𝐧𝐠 𝐆𝐮𝐧𝐠 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 ပဲဖြစ်ပါတယ်။ Taiwan ရှိ ထိပ်တန်းပုဂ္ဂလိက ဆေးတက္ကသိုလ်များထဲမှ တစ်ခုဖြစ်ပြီး ဆေးဘက်ဆိုင်ရာ အထူးပြုနယ်ပယ်တွင် ကမ္ဘာ့အဆင့် ၂၅၅ မှာ ရပ်တည်နေတဲ့ ကျောင်းတစ်ကျောင်းလည်းဖြစ်ပါတယ်။
🎓𝐂𝐡𝐚𝐧𝐠 𝐆𝐮𝐧𝐠 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 ဟာ Taoyuan မြိုပေါ်မှာတည်ရှိပြီး
✅College of Medicine
✅College of Engineering
✅College of Management
✅College of Intelligent Computing ဆိုတဲ့ ကောလိပ်ခုလေးခု အောက်ရှိ ဘာသာရပ်များကို သင်ကြားနိုင်မှာဖြစ်ပါတယ်။

☺️Foresight Academy International (FAI) မှ Taiwan မှာ သွားရောက်ပညာသင်ကြားလိုတဲ့ ကျောင်းသူ/သားများအတွက် ပညာရေးဝန်ဆောင်မှုများကိုလဲ တိကျမြန်ဆန်စွာ ဆောင်ရွက်ပေးနေပြီပဲဖြစ်ပါတယ်။ ကုန်ကျစရိတ်သက်သာစွာနဲ့ ပညာသင်ယူလိုတဲ့ ကျောင်းသူကျောင်းသားများအတွက် ထိုင်ဝမ်မှာ ကျောင်းတက်ရင်း အချိန်ပိုင်း အလုပ်လုပ်မယ်ဆိုရင်တော့ တစ်နာရီကို အနည်းဆုံး ထိုင်ဝမ်ဒေါ်လာ ၁၆၈ ဝန်းကျင်လောက်ရပြီး တစ်ပတ်ကို နာရီ ၂၀ တရားဝင် အလုပ်လုပ်ခွင့်ရရှိမှာဖြစ်ပါတယ်။

🇹🇼Taiwan မှာ ကျောင်းတက်မယ်ဆိုရင်တော့ တရုတ်ဘာသာစကားလိုအပ်ချက်က TOCFL (A2) or HSK Level-4 အနည်းဆုံး ရှိထားရမှာဖြစ်ပါတယ်။ ကိုယ်က Mandarin ဘာသာစကား မတတ်လို English Language နဲ့ပဲသင်ချင်တယ်ဆိုရင်တော့ Taiwan ရှိ တက္ကသိုလ်ပေါင်း 40 ကျော်ကနေ သင်ကြားပေးနေတဲ့ course 120 ကျော်ထဲကလည်း ရွေးချယ်တက်ရောက်နိုင်ပါတယ်။

👉Foresight Academy International (FAI) မှ Taiwan မှာ သွားရောက်ပညာသင်ကြားလိုတဲ့ ကျောင်းသူ/သားများအတွက် မိမိဝါသနာ၊ မိမိရည်မှန်းချက်ပေါ်မူတည်ပြီး ကိုက်ညီသော ဘာသာရပ်များ ရွေးချယ်အကြံပြုပေးခြင်း၊ မှန်ကန်သောတက္ကသိုလ် လျှောက်ထားပေးခြင်း၊ Student Visa လျှောက်ထားပေးခြင်း၊ Student Accommodation နှင့် အခြားသော ပညာရေးဝန်ဆောင်မှုများကိုလည်း တိကျမြန်ဆန်စွာ ဆောင်ရွက်ပေးနေပါပြီ။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top