🇸🇬 Singapore နိုင်ငံရှိ Polytechnic ကျောင်းများမှာ ကျောင်းတက်ရောက်ဖို FAI မှတစ်ဆင့် ကျောင်းလျှောက်ထားနိုင်ပါပြီ။ ☺️

🤔 Polytechnic Institute ဆိုတာကတော့…

👉 Polytechnic ကို International Students တွေကြားမှာ လူသိများကြသလို မြန်မာမှာတော့ Polytechnic ကို ပိုလီ (Poly) လို့ အလွယ်တကူ ခေါ်တတ်ကျပါတယ်။ Polytechnic ဆိုတာကတော့ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ ပညာရပ်တွေကို အထူးသင်ကြားပေးတဲ့ ကျောင်းအဖွဲ့အစည်းတွေကို ဆိုလိုတာပဲဖြစ်ပါတယ်။ Polytechnic မှာ Intake တစ်ခုပဲရှိပြီး နှစ်စဉ် 11 လပိုင်းလောက်မှာ စခေါ်တတ်ကြပါတယ်နော်။ Polytechnic တက်မယ်ဆိုရင်တော့ သုံးနှစ်တိတိတက်ရမှာဖြစ်ပြီး U.S, UK, Australia အပါအဝင် နိုင်ငံကြီးတော်တော်များများမှာလည်း အသိအမှတ်ပြုကြပါတယ်။

🇸🇬 Singapore နိုင်ငံရှိ Polytechnic Institute အောက်မှာရှိတဲ့ ကျောင်းတွေကတော့…

1️⃣ Nanyang Polytechnic

2️⃣ Republic Polytechnic

3️⃣ Temasek Polytechnic

4️⃣ Ngee Ann Polytechnic

5️⃣ Singapore Polytechnic တို့ပဲဖြစ်ကြပါတယ်။

🎓 Polytechnic မှာဆိုရင် ဘာ Major တွေရှိလဲ? ဘာတွေတက်လို့ရလဲ?

👉 Polytechnic မှာ တက်လို့ရတဲ့ Major တွေကတော့ Engineering, IT, Business, Science တို့ပဲ ဖြစ်ပါတယ်။

🎒 ကျောင်းလျှောက်ထားဖို့ လိုအပ်တဲ့ Requirement တွေကတော့…

1️⃣ တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ပြီးသူများကတော့…

👉 အင်္ဂလိပ်နဲ့ သင်္ချာအပါအ၀င် သက်ဆိုင်ရာ ဘာသာရပ်တစ်ခုနဲ့ အခြား နှစ်ဘာသာ အကုန်လုံး အမှတ် ၇၀ အထက်ရှိထားရင်တော့ Shortlisted ထဲပါဝင်မှာဖြစ်ပါတယ်။ Shortlisted ထဲ၀င်ပြီးရင်တော့ Entrance (၀င်ခွင့်စာမေးပွဲ) ဖြေရမှာပါ။ အင်္ဂလိပ် ၇၀ မကျော်ရင်လည်း IELTS (or) TOEFL တို့နဲ့ ပြန်ဖြည့်လို့ရပါတယ်။

2️⃣ International ပညာရေးလမ်းကြောင်းက သူတွေအတွက်ဆိုရင်…

👉 IGCSE မှာ အနည်းဆုံး ၅ ဘာသာဖြေပြီး Grade B+ ရထားရပါမယ်။ (CIEဆို ပိုအခွင့်အလမ်းရှိပါတယ်။)

GED လုံး၀ လက်မခံပါ။ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု့အနေနဲ့ IELTS Bandscore မှာ Skill တစ်ခုချင်းစီအတွက် minimum 6.0 အနည်းဆုံးလိုအပ်ပါတယ်။

☺️ Shortlisted ထဲရောက်သွားပြီးရင်တော့ ၀င်ခွင့်စာမေးပွဲဖြေရပါတယ်။ February လ ၁ရက်နေ့မှာ ဖြေဆိုရမှာဖြစ်ပြီး အင်္ဂလိပ်၊ သင်္ချာနဲ့ သိပ္ပံ ၃ ဘာသာကို တစ်နေ့ထဲ စာမေးပွဲကျင်းပပေးပါတယ်။ Exam Result ကတော့ March လထဲမှာ ပြန်ရပြီး April လကနေစပြီး နောက် ၃ နှစ်ထိ ကျောင်းတက်ရမှာဖြစ်ပါတယ်။

💲Polytechnic တက်မယ်ဆို ကျောင်းစရိတ်တွေကရော ဘယ်လောက်ရှိလဲ ?

👉 Polytechnic တက်မယ်ဆို ကျောင်းစရိတ်က တစ်နှစ်ကို SGD 25000 ဝန်းကျင်ရှိပါတယ်။ ကျောင်းစရိတ် များတယ်ဆိုပေမယ့် Polytechnic တက်ရင်ရရှိနိုင်မယ့် အခွင့်အလမ်းတွေကတော့ Tuition Grant နဲ့ Student Loans တို့ဖြစ်ပါတယ်။

💰 Tuition Grant ဆိုတာကတော့…

👉 Singapore အစိုးရကနေ ထောက်ပံ့ပေးတဲ့ ငွေကြေးပဲဖြစ်ပါတယ်။ Tuition Grant ယူဖို့ မိဘနှစ်ပါးက လက်မှတ်ထိုးပေးရုံပဲ လိုအပ်ပြီး ကျောင်းလခရဲ့တစ်ဝက်ကျော် SGD 14000 အထိကို အစိုးရက ထောက်ပံ့ပေးလိုက်တာပဲ ဖြစ်ပါတယ်။ Tuition Grant ယူလိုက်တာနဲ့ ကျောင်းစရိတ်တစ်နှစ်ကို SGD 11000 ပဲကျသင့်တော့မှာပဲဖြစ်ပါတယ်။ ဒါပေမယ့် အပေးအယူတစ်ခုအနေနဲ့တော့ စာချုပ်ချုပ်ထားရပြီး ကိုယ့်ဘက်က ကျောင်းပြီးတာနဲ့ နိုင်ငံမပြောင်းဘဲ သုံးနှစ်တိတိ Singapore မှာပဲအလုပ် လုပ်ရမှာပဲဖြစ်ပါတယ်။ မြန်မာပြည်က ကျောင်းသွားတက်မယ့် ကျောင်းသူ/သားတွေက Singapore မှာ အလုပ်လုပ်ချင်လို့ တကူးတက သွားကြတဲ့လူတွေဆိုတော့ ကျောင်းပြီးတာနဲ့ လုပ်ငန်းခွင်ဝင်ရမှာ အံဝင်ခွင်ကျ ပိုအဆင်ပြေမှာဖြစ်ပါတယ်။

💳 Student Loans ဆိုတာကတော့…

👉 Singapore မှာလက်ရှိ PR အနေနဲ့အလုပ်လုပ်နေတဲ့ ကိုယ့်အသိမိတ်ဆွေတစ်ဦးဦးက လက်မှတ်ထိုးပေးရင် Student Loans ယူလို့ရမှာပဲဖြစ်ပါတယ်။ Student Loans ဆိုတာက ဘဏ်ကနေ ကိုယ့်ရဲ့ကျောင်းစရိတ်ကျန်တဲ့ SGD 11000 ထဲက 75% အထိ ထုတ်ချေးပေးတဲ့ အခွင့်အလမ်းပဲဖြစ်ပါတယ်။ ဒီတော့ ကိုယ်က Polytechnic တက်ရင် ကျောင်းလခ 25% ပဲပေးပြီး တက်ရတော့မှာပဲဖြစ်ပါတယ်။ သူက ကျောင်းတက်နေတဲ့ သုံးနှစ်အတွင်း အတိုးတစ်ပြားမှမပေးရပဲ ၃ နှစ်ပြီးလို့ အလုပ်စလုပ်မှ အတိုးနဲ့ ကိုယ်ချေးယူထားတဲ့ ကျောင်းလခကို ဖြည်းဖြည်းချင်း ဆပ်သွားရမှာ ဖြစ်ပါတယ်။

💼 Part Time Job လုပ်မယ်ဆိုရင်တော့…

👉 International ကျောင်းသားတွေအနေနဲ့ တစ်ပတ်ကို ၁၆နာရီအထိ အချိန်ပိုင်းအလုပ်လုပ်လို့ရပြီး တစ်နာရီကို SGD 7-13 လောက်ရတာမလို့ အချိန်ပိုင်းအလုပ်လုပ်ရင်း အပိုဝင်ငွေရှာနိုင်မှာ ဖြစ်ပါတယ်။

😊 Polytechnic ကနေ ကျောင်းပြီးရင် ဘွဲ့တန်းရတာမျိုးမဟုတ်ဘဲ သုံးနှစ်ပြီးလို့ Diploma ရတာနဲ့ ကိုယ်က တော်ရင်တော်သလို 3rd year ကနေပြန်ပြီး NUS လို World ranking 6 နဲ့ NTU လို World ranking 26 ရှိတဲ့ နာမည်ကြီး University ကြီးတွေကို တက်ရောက်နိုင်ဖို့ အခွင့်အလမ်းတွေလည်းရရှိနိုင်ပါတယ်။ နောက်ထပ် တစ်ချက်ကတော့ Polytechnic ကျောင်းတွေက Singapore နိုင်ငံသားအများစုကို အဓိကရွေးခေါ်တာမို့ သူ့နိုင်ငံမှာ ကျောင်းသားအများစု၀င်လျှောက်ကျတဲ့ နာမည်ကြီးနေတဲ့ Courseတွေကို ရှောင်ပြီး အခြား Course တွေကို ရွေးချယ်ပေးတာက International ကျောင်းသားတွေအတွက် ၀င်ခွင့်ရဖို့ ရာခိုင်နှုန်း ပိုများစေမှာပါ။ Polytechnic Diploma ကို US, UK, Australia အစရှိတဲ့ နိုင်ငံတွေကလည်း အသိအမှတ်ပြုတဲ့အတွက် Degree ယူဖို့အတွက် ဆက်လက် ကူးသွားလို့လွယ်ကူပါတယ်နော်။ ဒါမှမဟုတ်ပဲ Polytechnic Diploma နဲ့တင် Singapore မှာ အလုပ်လုပ်ရင်တောင် Minimum SGD 2500 (သိန်း ခြောက်ဆယ်) ဝန်းကျင်လောက်ရကြပါတယ်။

👉Foresight Academy International (FAI) မှ စင်ကာပူနိုင်ငံမှာ ကျောင်းတက်ရောက်လိုသော မြန်မာကျောင်းသူ/သားများအတွက် မိမိဝါသနာ၊ မိမိရည်မှန်းချက်ပေါ်မူတည်ပြီး ကိုက်ညီသော ဘာသာရပ်များ ရွေးချယ်အကြံပြုပေးခြင်း၊ မှန်ကန်သောတက္ကသိုလ် လျှောက်ထားပေးခြင်း၊ Student Accommodation နှင့် အခြားသော ပညာရေးဝန်ဆောင်မှုများကိုလည်း တိကျမြန်ဆန်စွာ ဆောင်ရွက်ပေးနေပါပြီ။

👇ဒါ့အပြင် Foresight Academy International (FAI) မှာရရှိနိုင်မယ့် အခြားသော ဝန်ဆောင်မှုများကတော့…

👉U.S, UK, Australia, Japan, Korea, Singapore, Thailand, China, Taiwan စသည့် နိုင်ငံများအပြင် ကမ္ဘာတဝန်းရှိ နိုင်ငံတကာတက္ကသိုလ်/ကောလိပ်များသို့ သွားရောက် ပညာသင်ကြားမယ့် ကျောင်းသား/သူများအတွက် မိမိတက်ရောက်လိုသော ကျောင်း (သို့) မိမိနှင့် ကိုက်ညီသော ကျောင်းများကို သက်ဆိုင်ရာနိုင်ငံများရှိ FAI ၏ နိုင်ငံတကာရှိ Trusted Counsellors များမှ စနစ်တကျအကြုံပြု ရွေးချယ်လျှောက်ထားပေးခြင်း၊ Scholarship Program လျှောက်ထားပေးခြင်း၊ Visa Processing/Accommodation နှင့် အခြား ဆက်စပ်သောဝန်ဆောင်မှုများကိုလည်း တစ်နေရာထဲအပြီးရရှိနိုင်ပါပြီ။ အသေးစိတ်သိရှိလိုပါက Foresight Academy International – FAI Page Messenger နှင့် ဖော်ပြပါဖုန်းနံပါတ်တို့မှ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

Foresight Academy International (FAI)

📞Phone: +95 9 775500510, +95 9 775500520

🚩အမှတ် (၁၁၄)၊ ဒုတိယထပ်၊ အခန်း (၅)၊ အင်းစိန်လမ်းမကြီး၊ လှိုင်မြို့နယ်။ (သုခမှတ်တိုင်၊ iCar Auto Service Center-5 မျက်နှာချင်းဆိုင်ရှေ့)

⏳Opening Hours: 9:00 – 17:00 / Tuesday – Sunday

📩E-mail: contact@fai-international.com

🌐Website: https://fai-international.com

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top