Australia နိုင်ငံဟာ နိုင်ငံတကာပညာရေးအဖွဲ့အစည်းတွေကနေ သတ်မှတ်ထားတဲ့ အကောင်းဆုံး ပညာရေး အခွင့်အလမ်းတွေကို ရရှိနိုင်တဲ့အတွက်ကြောင့် နိုင်ငံတကာကျောင်းသားတွေအနေနဲ့ ပညာသင်ကြားဖို့ အများဆုံး ရွေးချယ်ကြတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။
Australia နိုင်ငံမှာ နိုင်ငံတကာကျောင်းသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါများတဲ့အပြင် ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ် လုပ်ကိုင်နိုင်ဖို့ တရားဝင်ခွင့်ပြုထားပြီး နိုင်ငံတကာကျောင်းသားတစ်ယောက်အနေနဲ့ Australia နိုင်ငံမှာ တစ်ပတ်ကို ၂၄ နာရီ တရားဝင် အလုပ်လုပ်ခွင့်ရှိတဲ့အပြင် ကျောင်းပြီးပါက ဆက်လက်နေထိုင်နိုင်ရန်နှင့် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် PR Pathway အခွင့်အလမ်းများပေးနေတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။
PR ဆိုတာဘာလဲ?
PR (Permanent Residency) ဆိုတာကတော့ Australia နိုင်ငံမှာ အကန့်အသတ်မရှိနေထိုင်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့်နှင့် အမြဲတမ်းနေထိုင်ခွင့်ပြုသည့် နာမည်ကြီး Visa အမျိုးအစားပဲဖြစ်ပါတယ်။ Australia နိုင်ငံမှာ PR ကိုင်ဆောင်ထားသူများဟာ Australia နိုင်ငံသားများကဲ့သို့ တန်းတူ အခွင့်အရေး ရရှိမှာဖြစ်ပါတယ်။
ဒီတော့ Australia နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေနဲ့ ရေရှည်အခြေချနေထိုင်ဖို့ အလားအလာကောင်းတဲ့ PR Pathway Course တွေကတော့…
Culinary / Hospitality Management / Hotel Management / Tourism / Nursing / IT / Health Care စတဲ့ ဘာသာရပ်တွေပဲဖြစ်ကြပါတယ်။
ဘယ်သူတွေတက်ရောက်နိုင်လဲ ?
အထက်တန်း ဖြေဆိုအောင်မြင်ပြီးသူများ၊ IGCSE / GCE နှင့် GED ဖြေဆိုပြီးသူများ၊ တက္ကသိုလ်တက်ရောက်နေရင်း ရပ်နားထားသော ကျောင်းသူ/ကျောင်းသားများလည်း တက်ရောက်နိုင်ပါတယ်။
ကျောင်းလျှောက်ထားနိုင်တဲ့ Australia နိုင်ငံရှိ နိုင်ငံတကာအဆင့်မှီ တက္ကသိုလ်များကတော့…
WILLIAM ANGLISS INSTITUTE
HOLMESGLEN
TORRENS UNIVERSITY
LE CORDON BLEU စတဲ့ တက္ကသိုလ်များအပြင် Australia နိုင်ငံအတွင်းရှိ အခြားတက္ကသိုလ်ပေါင်းများစွာကိုလဲ ကျောင်းလျှောက်ထားရန် FAI မှ ကူညီဝန်ဆောင်မှုပေးလျှက်ရှိပါတယ်။
Foresight Academy International (FAI) မှ Australia နိုင်ငံမှာ သွားရောက်ပညာသင်ကြားလိုတဲ့ ကျောင်းသူ/သားများအတွက် မိမိဝါသနာ၊ မိမိရည်မှန်းချက်ပေါ်မူတည်ပြီး FAI ၏ Australia နိုင်ငံရှိ Trusted Counsellor မှ ကိုက်ညီသော ဘာသာရပ်များ ရွေးချယ်အကြံပြုပေးခြင်း၊ မှန်ကန်သောတက္ကသိုလ် ရွေးချယ်အကြံပြု လျှောက်ထားပေးခြင်း၊ ကျောင်းဝင်ခွင့် အစအဆုံးဆောင်ရွက်ပေးခြင်းနှင့် အခြားသော ပညာရေးဝန်ဆောင်မှုများကိုလည်း တိကျမြန်ဆန်စွာ ဆောင်ရွက်ပေးနေပြီပဲဖြစ်ပါတယ်။