ဥရောပနိုင်ငံတွေမှာ အခြေချနိုင်ဖို့ ပထမဆုံးခြေလှမ်းကို Germany နိုင်ငံမှာ ပညာသင်ရင်းစတင်လိုက်ပါ…

📌 ဒီနေ့မှာတော့ Europe နိုင်ငံတွေမှာ ကျောင်းတက်ဖို့ စိတ်ဝင်စားနေတဲ့ 🙋‍♀️🙋 မြန်မာကျောင်းသူ/သားတွေအတွက် Germany နိုင်ငံရဲ့ နာမည်ကြီး ကျောင်းတစ်ကျောင်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင် ☺️

📌💁‍♀️💁 အခုပြောပြပေးမယ့်ကျောင်းကတော့ ကမ္ဘာ့ စီးပွားရေးနယ်ပယ်မှာ 👉 စတုတ္တအကြီးဆုံးနိုင်ငံဖြစ်ပြီး ဥရောပ စီးပွါးရေးနယ်ပယ်မှာ ထိပ်တန်းအင်အားကြီးနေရာကရပ်တည်နေတဲ့ Germany နိုင်ငံမှာတည်ရှိတဲ့ 👉 Gisma University of Applied Science ဖြစ်ပါတယ် ☺️

📌 GISMA ရဲ့ ပထမဆုံး campus ကို ၁၉၉၉ ခုနှစ်၊ Hannover မြို့မှာ ဖွင့်လှစ်တည်ထောင်ခဲ့ပြီး GISMA ရဲ့ မြင့်မားတဲ့ ပညာရေးစနစ်တွေ၊ အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ပေးနိုင်မှုတွေ ကြောင့် လက်ရှိမှာတော့ Germany ရဲ့ မြို့ကြီးတွေဖြစ်တဲ့ 🔹 Berlin နဲ့ 🔹 Potsdam မြို့တွေမှာပါ Campus တွေပိုမိုဖွင့်လှစ်လာနိုင်ခဲ့ပါတယ် ☺️

📌 GISMA University of Applied Science ဆိုတဲ့ အတိုင်း 🔹Technology, 🔹 Business နဲ့သက်ဆိုင်တဲ့ programs တွေကို နိုင်ငံတကာ စီးပွားရေးဇုန်ထဲမှာ အောင်မြင်တဲ့ career တစ်ခုအဖြစ်ရပ်တည်နိုင်အောင်သင်ကြားပေးနေတဲ့ကျောင်းလည်းဖြစ်ပါတယ် 😇

📌 GISMA ရဲ့ Courses တွေအားလုံးက English လိုသင်ကြားပေးတာဖြစ်ပြီး German လို မပြောတက်လို့ စိတ်ညစ်စရာမလိုပါဘူး 😌 ကျောင်းဘက်က German language အတွက် free class တွေသင်ကြားပေးတာမျိုးလည်းရှိသလို့ German လူမျိုးအများစုကလည်း English လို ပြောတက်တာဖြစ်လို့ Language barrier အတွက် စိတ်ချထားလို့ရပါတယ်ရှင် 😍

GISM မှာ အထူးပြုသင်ကြားပေးနေတဲ့ Course တွေကတော့ …

☑️ International Business Management

☑️ Data Science, AI and Digital Business

☑️ Software Engineering

☑️ Computer Science အစရှိသည့်တို့အပြင် Foundation program တွေလည်းရှိပါသေးတယ်နော် 😍

🟡 ဒါ့အပြင် GISM ဟာဆိုရင် Program, State, Concept တို့မှာလည်း Accreditation အပြည့်

အဝ ရရှိထားတဲ့ University တစ်ခုလည်းဖြစ်ပါတယ်။ Intake တွေအနေနဲ့က တစ်နှစ်မှာ January, April, July, October ဆိုပြီး (၄) ကြိမ်ရှိတာဖြစ်လို့ intake တစ်ခု မမီရင် နောက်တခုအတွက် သေချာပြင်ဆင်ဖို့ အချိန်ရပါသေးတယ် 🟡

🟡Europe နိုင်ငံတွေထဲကလည်းဖြစ်ရမယ်၊ 👉Post-Study Work Visa အပြင် 👉 Schengen Visa လည်းရရှိအုံးမယ်အပြင် ကျောင်းတက်ရင်း Part-Time လုပ်လို့ကောင်းတဲ့ နိုင်ငံမျိုးကိုရှာနေတယ်ဆိုရင်တော့ Germany နိုင်ငံမှာကျောင်းတက်ဖို့အတွက် အကြံပေးချင်ပါတယ်ရှင် 🟡

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top