အရှေ့တောင်အာရှနိုင်ငံများထဲမှာ စင်ကာပူနိုင်ငံဟာ လူနေမှုအဆင့်အတန်းမြင့်မားပြီး ပညာရေးစနစ်နဲ့ပတ်သက်လျှင် ဂုဏ်သတင်းအကြီးမားဆုံး၊ အရှေ့တောင်အာရှတွင် အကျော်ကြားဆုံး ပညာရေးစနစ်တစ်ခုဖြစ်တဲ့အပြင် နိုင်ငံတကာကျောင်းသူ/သားများအတွက် လုံခြုံစိတ်ချစွာ သွားရောက်ပညာသင်ကြားလို့ရတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ အားသာချက်အနေနဲ့ စင်ကာပူနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ မနီးမဝေးမှာတည်ရှိတဲ့အတွက် သွားလာရလွယ်ကူပြီး အနောက်နိုင်ငံများနှင့်ယှဉ်လျှင် ကုန်ကျစရိတ် ပိုမိုသက်သာသောကြောင့် နှစ်စဉ်မြန်မာကျောင်းသူ/သားအများစု ရွေးချယ်ရာ နိုင်ငံလည်းဖြစ်ပါတယ်။
စင်ကာပူနိုင်ငံမှာ ကျောင်းတက်ရင်း အလုပ်လုပ်ကိုင်လိုသော မြန်မာကျောင်းသူ/သားများအတွက် FAI နဲ့ တရားဝင်ချိတ်ဆက်ထားတဲ့ Trinity International College နဲ့ TEG International College တို့မှာ Study and Paid Internship Diploma Program များကို တက်ရောက်မယ်ဆိုရင်တော့ ကျောင်းတက်နေရင်း အချိန်ပိုင်းအလုပ် လုပ်နိုင်မယ့်အပြင် Paid Internship အခွင့်အလမ်းများလဲရရှိနိုင်ပါတယ်။
Study & Paid Internship Diploma Program မှာ တက်ရောက်နိုင်တဲ့ ဘာသာရပ်တွေကတော့ …
Diploma in Hospitality & Tourism Management (6 Months Study+6 Months Internship)
Diploma in International Hospitality Management (6 Months Study+6 Months Internship)
Diploma in Business & Management (6 Months Study+6 Months Internship)
Diploma in Facilities Management (6 Months Study+6 Months Internship) စတဲ့ ဘာသာရပ်တွေပဲဖြစ်ပါတယ်။
Internship ကာလမှာတော့ ကျောင်းဘက်က ချပေးတဲ့နေရာတွေမှာ ဆင်းရမှာဖြစ်ပြီး အခြေခံလစာ စင်ကာပူဒေါ်လာ 1000 မှ 1300 ဝန်းကျင် (မြန်မာငွေ သိန်း ၃၀ ဝန်းကျင်) ရရှိနိုင်မယ့်အပြင် ကိုယ့် Performance ပေါ်မူတည်ပြီး အလုပ်ရှင်မှ Full Time Staff အဖြစ်ခန့်ပါက S pass ဖြင့် စင်ကာပူနိုင်ငံမှာ ဆက်လက်အလုပ်လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။
ဘယ်သူတွေတက်ရောက်နိုင်လဲ
အထက်တန်း ဖြေဆိုအောင်မြင်ပြီးသူများ၊ IGCSE / GCE နှင့် GED ဖြေဆိုပြီးသူများ၊ တက္ကသိုလ်တက်ရောက်နေရင်း ရပ်နားထားသော ကျောင်းသူ/ကျောင်းသားများလည်း တက်ရောက်နိုင်ပါတယ်။