ဂျပန်နိုင်ငံရှိ နာမည်ကြီးတက္ကသိုလ်များမှာ Business Program များ တက်ရောက်ဖို့ FAI မှာ စာရင်းပေးသွင်းနိုင်ပါပြီ။

ဂျပန်နိုင်ငံရှိ နာမည်ကြီးတက္ကသိုလ်များမှာ Business Program များ တက်ရောက်ဖို့ FAI မှာ စာရင်းပေးသွင်းနိုင်ပါပြီ။

ဂျပန်နိုင်ငံဟာ ကမ္ဘာတစ်ဝန်းမှာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးအရ အရေးပါတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နည်းပညာတိုးတက်မှုများနှင့် ဆန်းသစ်တီထွင်နိုင်တဲ့ စီးပွားရေးဗျူဟာများကြောင့် နိုင်ငံတကာ ကျောင်းသူ/သားများအတွက် Business Program များ လေ့လာရန် အကောင်းဆုံး နေရာတစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် လူနေမှုအဆင့်အတန်းမြင့်မားပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့အပြင် နိုင်ငံတကာ ကျောင်းသူ/သားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း‌ပေါများတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ပညာရေးစနစ်မြင့်မားပြီး အကောင်းဆုံး ပညာရေး အခွင့်အလမ်းတွေကို ရရှိနိုင်တဲ့အတွက်ကြောင့် နိုင်ငံတကာ ကျောင်းသူ/သားတွေအနေနဲ့ ပညာသင်ကြားဖို့ အများဆုံး ရွေးချယ်ကြတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

ဂျပန်နိုင်ငံ တက္ကသိုလ်များရှိ Business Program များမှာ နိုင်ငံတကာကျောင်းသူ/သားများအတွက် ထူးခြားပြီး တန်ဖိုးရှိတဲ့ ပညာရေးအတွေ့အကြုံများကို ပေးစွမ်းနိုင်ပြီး စီးပွားရေးဆိုင်ရာ အခြေခံမူများတွင် ခိုင်မာသော အခြေခံအုတ်မြစ်ကိုပေးရုံသာမက ကြွယ်ဝသောဂျပန်ယဉ်ကျေးမှုနှင့် စီးပွားရေးအလေ့အကျင့်များကိုပါ သင်ကြားပြသပေးပါတယ်။

ဂျပန်နိုင်ငံရှိ တက္ကသိုလ်များတွင် Business Program များ သင်ကြားခြင်းအားဖြင့် နိုင်ငံတကာကုမ္ပဏီကြီးများတွင် အလုပ်အကိုင် အခွင့်အလမ်းပေါင်းများစွာကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံမှာ နိုင်ငံတကာ ကျောင်းသူ/သားတွေအနေနဲ့ ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ် လုပ်ကိုင်နိုင်ဖို့ တရားဝင်ခွင့်ပြုထားပြီး တစ်ပတ်ကို ၂၈ နာရီတရားဝင် အလုပ်လုပ်ကိုင်ခွင့်ရှိတဲ့အပြင် ကျောင်းပြီးနောက် လုပ်ငန်းခွင်ဖြစ်စေ သုသေတနပိုင်းဖြစ်စေ ဝင်ရောက်ပြီး PR အခွင့်အလမ်းများလည်းရရှိနိုင်ပါတယ်။

🎓ဂျပန်နိုင်ငံမှာ Business Program များကို သွားရောက်သင်ကြားလိုတဲ့ မြန်မာကျောင်းသူ/သားများအတွက် တက်ရောက်နိုင်တဲ့ ဂျပန်နိုင်ငံရှိ နာမည်ကြီးတက္ကသိုလ်များကတော့…❗

✅ University of Tokyo

✅ Hitotsubashi university

✅ Waseda university

✅ Kobe University

✅ University of Kyotoတို့ပဲဖြစ်ပါတယ်။

🎓ဂျပန်နိုင်ငံရှိ နာမည်ကြီးတက္ကသိုလ်များမှာ Business Program များအပြင် အခြားတက်ရောက်နိုင်တဲ့ ဘာသာရပ်တွေကတော့…❗

✅Business Administration

✅Economic

✅Commerce

✅Finance

✅Social Sciences

✅Political Sciences

✅Arts

✅Design

✅Engineering

✅Data Science & Information Systems

✅Technology

✅Architecture စတဲ့ဘာသာရပ်များအပြင် မိမိစိတ်ဝင်စားတဲ့ အခြား Undergraduate Program များကိုလည်း FAI မှာ စာရင်းပေးသွင်း လျှောက်ထားနိုင်ပါတယ်။

🤔 ဘယ်သူတွေတက်ရောက်နိုင်လဲ❓

အထက်တန်း ဖြေဆိုအောင်မြင်ပြီးသူများ၊ IGCSE / GCE နှင့် GED ဖြေဆိုပြီးသူများ၊ တက္ကသိုလ်တက်ရောက်နေရင်း ရပ်နားထားသော ကျောင်းသူ/ကျောင်းသားများလည်း တက်ရောက်နိုင်ပါတယ်။

😐ဂျပန်ဘာသာစကား ကျွမ်းကျင်မှုကတော့ များသောအားဖြင့် ဘွဲ့ကြိုတက်ရောက်လိုသူများ ပြင်ဆင်ထားရန်လိုအပ်ပါတယ်။ English လိုသင်ကြားသော Program အနည်းငယ်သာရှိပြီး ဘွဲ့လွန်တက်ရောက်လိုသူများအတွက်တော့ Program အများအပြားရှိပါတယ်။ ဂျပန်ဘာသာစကားလိုအပ်ချက်ကတော့ မိမိရွေးချယ်တဲ့ ကျောင်းနဲ့ ဘာသာရပ်ပေါ်မူတည်ပြီး အနည်းငယ်ကွာခြားမှာဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းလခကင်းလွတ်ခွင့် ရရှိအောင် Scholarship လျှောက်ထားနိုင်တာမလို့ ကုန်ကျစရိတ်သက်သာစွာနဲ့ ကျောင်းတက်ရောက်နိုင်မှာလည်းဖြစ်ပါတယ်။

👉Foresight Academy International (FAI) မှ ဂျပန်နိုင်ငံမှာ သွားရောက်ပညာသင်ကြားလိုသည့် ကျောင်းသူ/သားများအတွက် မိမိဝါသနာ၊ မိမိရည်မှန်းချက်ပေါ်မူတည်ပြီး FAI ၏ ဂျပန်နိုင်ငံရှိ Trusted Counsellor မှ ကိုက်ညီသော ဘာသာရပ်များ ရွေးချယ်အကြံပြုပေးခြင်း၊ မှန်ကန်သောတက္ကသိုလ် ရွေးချယ်အကြံပြု လျှောက်ထားပေးခြင်း၊ ကျောင်းဝင်ခွင့် အစအဆုံးဆောင်ရွက်ပေးခြင်းနှင့် အခြားသော ပညာရေးဝန်ဆောင်မှုများကိုလည်း တိကျမြန်ဆန်စွာ ဆောင်ရွက်ပေးနေပြီပဲဖြစ်ပါတယ်။

📌ဒါ့အပြင် Foresight Academy International (FAI) မှာရရှိနိုင်မယ့် အခြားသော ဝန်ဆောင်မှုများကတော့…❗

U.S, UK, Australia, Japan, Korea, Singapore, Thailand စသည့် နိုင်ငံများအပြင် ကမ္ဘာတဝန်းရှိ နိုင်ငံတကာတက္ကသိုလ်/ကောလိပ်များသို့ သွားရောက်ပညာသင်ကြားမယ့် ကျောင်းသူ/သားများအတွက် မိမိတက်ရောက်လိုသော ကျောင်း (သို့) မိမိနှင့် ကိုက်ညီသော ကျောင်းများကို သက်ဆိုင်ရာနိုင်ငံများရှိ FAI ၏ နိုင်ငံတကာရှိ Trusted Counsellors များမှ စနစ်တကျအကြုံပြု ရွေးချယ်လျှောက်ထားပေးခြင်း၊ Scholarship Program လျှောက်ထားပေးခြင်း၊ Visa Processing/Accommodation နှင့် အခြား ဆက်စပ်သောဝန်ဆောင်မှုများကိုလည်း တစ်နေရာထဲအပြီးရရှိနိုင်ပါပြီ။ အသေးစိတ်သိရှိလိုပါက Foresight Academy International – FAI Page Messenger နှင့် ဖော်ပြပါဖုန်းနံပါတ်တို့မှ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

Foresight Academy International (FAI)

☎️Phone: +95 9 251000854, +95 9 251000734

📍အမှတ် (၁၁၄)၊ ဒုတိယထပ်၊ အခန်း (၅)၊ အင်းစိန်လမ်းမကြီး၊ လှိုင်မြို့နယ်။ (သုခမှတ်တိုင်၊ iCar Auto Service Center-5 မျက်နှာချင်းဆိုင်ရှေ့)

⏰Opening Hours: 9:00 – 17:00 / Monday – Saturday

💌E-mail: contact@fai-international.com

🌐Website: https://fai-international.com

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top