ဂျပန်နိုင်ငံ ကျိုတိုမြို့ရှိ Kyoto University of Advanced Science (KUAS) မှာ Mechanical & Electrical Systems Engineering ဘာသာရပ်ကို လေးနှစ်ကြာတက်ရောက်ရမှာဖြစ်ပြီး ကျောင်းပြီးတာနဲ့ Bachelor of Engineering (B.E) ဘွဲ့ကိုရရှိမှာဖြစ်ပါတယ်။
ဘာကြောင့်ဂျပန်နိုင်ငံမှာ Engineering ဘာသာရပ်ကို တက်ရောက်ဖို့ ရွေးချယ်သင့်တာလဲ
ဂျပန်နိုင်ငံဟာ (G7) ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံများထဲက တစ်နိုင်ငံဖြစ်တဲ့အပြင် အာရှမှာလည်း စက်မှုဦးဆောင်နိုင်ငံ ဖြစ်တဲ့အတွက်ကြောင့် Mechanical & Electrical ဘာသာရပ်တွေကို လေ့လာသင်ယူဖို့ အကောင်းဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်။ သင်ယူရမယ့် Module တွေကတော့ Electrical, Mechanical, Robotics, Computer Engineering တို့ပါဝင်မှာဖြစ်ပြီး Industry Oriented Practical Program ဖြင့်သင်ကြားပေးမှာဖြစ်တဲ့အတွက် ကျောင်းပြီးလျှင်လည်း ဂျပန်နိုင်ငံရှိ စက်မှု Industry များမှာ ဝင်ရောက်လုပ်ကိုင်နိုင်မှာ ဖြစ်သလို အလုပ်အကိုင်အခွင့်အလမ်းများ လွယ်ကူစွာရရှိနိုင်မှာဖြစ်ပါတယ်။
Kyoto University of Advanced Science (KUAS) ဟာ FAI နဲ့ တရားဝင်ချိတ်ဆက်ထားတဲ့ ဂျပန်နိုင်ငံရှိ အကောင်းဆုံး Engineering University တစ်ခုဖြစ်ပြီး ဆယ်တန်းအောင် (သို့) GED ပြီးတာနဲ့ ကျောင်းလျှောက်ထားနိုင်ပါတယ်။
အားသာချက်အနေနဲ့ KUAS မှာ Mechanical & Electrical Systems Engineering တက်ရောက်မယ်ဆိုရင်တော့ ဂျပန်ဘာသာစကား (JLPT) ဖြေဆိုရန်မလိုပဲ သင်ခန်းစာအားလုံးကို English လို သင်ယူရမှာဖြစ်လို့ ဘာသာစကားအခက်အခဲမရှိ လေ့လာနိုင်မှာပဲဖြစ်ပါတယ်။
ကျောင်းလခနှင့် Tuition Fees အတွက် တစ်နှစ်စာကုန်ကျစရိတ်မှာ USD 12000 ဝန်းကျင်ကုန်ကျမှာဖြစ်ပြီး နေထိုင်စရိတ်အနေနဲ့ကတော့ တစ်လကို USD 800 ဝန်းကျင်ခန့်ကုန်ကျမှာဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းလခကင်းလွတ်ခွင့်အတွက် 100% Scholarship လျှောက်ထားနိုင်ပြီး လစဉ်နေထိုင်မှု ကုန်ကျစရိတ်သက်သာခွင့် ရရှိအောင် Super Scholarship လျှောက်ထားနိုင်တဲ့အပြင် အခြား Scholarship အစီအစဉ်များကိုလဲ လျှောက်ထားနိုင်ပါတယ်။
ကျောင်းဝင်ခွင့် လိုအပ်ချက်အတွက် အထက်တန်းအောင်မြင်ထားပြီး အသက် ၁၈ နှစ်အထက်ရှိသူ၊
Maths & Physics ဘာသာရပ်တွေမှာလည်း အတော်အသင့် နားလည်တတ်ကျွမ်းမှုရှိရပါမယ်။
English requirements အနေနဲ့
IELTS 5.5 (minimum)
TOEFL (iBT) 75
PTE 50
Duolingo 105 ရရှိထားဖို့လိုအပ်ပါတယ်။
2024 September Intake အတွက် Early Entry Application ကို 2nd Oct 2023 မှ 27th Oct 2023 အတွင်း လျှောက်ထားနိုင်မှာဖြစ်တဲ့အပြင် 27th December 2023 မှာတော့ Scholarship Announcements လုပ်မှာဖြစ်ပြီး Deadline ကတော့ 19th January 2024 ပြီးဆုံးမှာဖြစ်ပါတယ်။
Foresight Academy International (FAI) မှ ဂျပန်နိုင်ငံမှာ သွားရောက်ပညာသင်ကြားလိုသည့် ကျောင်းသူ/သားများအတွက် မိမိဝါသနာ၊ မိမိရည်မှန်းချက်ပေါ်မူတည်ပြီး FAI ၏ ဂျပန်နိုင်ငံရှိ Trusted Counsellor မှ ကိုက်ညီသော ဘာသာရပ်များ ရွေးချယ်အကြံပြုပေးခြင်း၊ မှန်ကန်သောတက္ကသိုလ် ရွေးချယ်အကြံပြု လျှောက်ထားပေးခြင်း၊ ကျောင်းဝင်ခွင့် အစအဆုံးဆောင်ရွက်ပေးခြင်းနှင့် အခြားသော ပညာရေးဝန်ဆောင်မှုများကိုလည်း တိကျမြန်ဆန်စွာ ဆောင်ရွက်ပေးနေပြီပဲဖြစ်ပါတယ်။
![May be an image of 8 people and text that says "FORESIOHT Foresight Academy International (FAI) KUAS ဆယ်တန်းအောင် (သို့) GED ပြီးတာနဲ့ဂျပန်နိုင်ငံမှာ Bachelor E (B.E) ဘွဲ့တက်ရောက်နိုင်မယ့် အခွင့်အရေး KUAS 東都先科学大学 CONTACT US +95 (9) 251 000 854, +95 (9) 251 000 734 114, 2nd Floor, Insein Road, Hlaing, Yangon."](https://scontent.frgn15-1.fna.fbcdn.net/v/t39.30808-6/363306959_222787540734625_3045339086135109817_n.jpg?_nc_cat=106&cb=99be929b-3346023f&ccb=1-7&_nc_sid=730e14&_nc_ohc=P_9SlrL9bZMAX_cxZzI&_nc_oc=AQkK0abpmsDNMxQHkBUQW3IzELqXs_16tgL3KPdbwBlDup4ICt5SZgIbYz36OW5R1GI&_nc_ht=scontent.frgn15-1.fna&oh=00_AfAytWc5e2jey6Wbelmyb84qieKEcTB1dIMDOkoQgB6k8A&oe=64D728B8)